Products Details

Products Details

Gulf Sea Poser MX 15 W-40

အင်ဂျင်၏ လုပ်ဆောင်မှုစွမ်းရည် မြင့်မားစေသော ဒီဇယ်အင်ဂျင်ဝိုင်ဖြစ်သည့်အတွက် အင်ဂျင်အတွင်းရှိ ချေးများအား သန့်စင်စေနိုင်ပြီး အင်ဂျင်သက်တမ်းကို ကြာရှည်ခိုင်ခံ့စွာ ခံနိုင်ရည်ရှိစေပါသည်။

လိုအပ်သောအပူချိန်တွင် အထူးသန့်စင်ထားသော ကုန်ကြမ်းများကိုသာ အသုံးပြုထားခြင်းကြောင့် သံချေး တက်ခြင်း၊ သံအရည်အသွေးလျော့နည်းစေခြင်းတို့ကို ကာကွယ်နိုင်ပါသည်။ အင်ဂျင်လည်ပတ်မှု အစိတ် အပိုင်းများနှင့် ပြုပြင်မှုကုန်ကျစရိတ်တို့ကို လျော့နည်းစေနိုင်ခြင်း၊ အပူလွန်ကဲမှုကြောင့် စက်ပစ္စည်းများ အချင်းချင်းပွတ်တိုက်မှုဒဏ်များအား ခုခံနိုင်ခြင်း စသည့်အကျိုးကျေးဇူးများရရှိနိုင်ပါသည်။ Marine Engine များအပြင် ကုန်စည်ပို့ဆောင်ရေးယာဉ်များ၊ သတ္တုတူးဖော်ရေးယာဉ်များ၊ ဆောက်လုပ်ရေးသုံးယာဉ်ကြီးများ နှင့် လမ်းတံတားဖောက်လုပ်ရေးယာဉ်ကြီးများတွင်ပါ အသုံးပြုနိုင်သော ဒီဇယ်အင်ဂျင်ဝိုင်ဖြစ်ပါသည်။

Gulf Sea TDI 15 W-40

အထူးသန့်စင်ထားသော ကုန်ကြမ်းများကိုသာ အသုံးပြုထားပြီး ကောင်းမွန်သောချေးချွတ်စနစ်၊ အဆင့်မြင့် နည်းပညာနှင့် အင်ဂျင်အား မလိုလားအပ်သည့် အကျိုးဆုတ်ယူမှုမှ ကာကွယ်နိုင်သော စနစ်တို့ဖြင့် ထုတ်လုပ်ထားပါသည်။ Thermo-Oxidative နည်းပညာသည် အနည်ကျခြင်း၊ အင်ဂျင်ဝိုင်၏ ပျစ်ချွဲမှု လျော့နည်းလာခြင်း၊ ဆီအလွန်အမင်းစားခြင်း၊ သံချေးတက်ခြင်း၊ ကြပ်ခိုးပိတ်ခြင်းတို့ကို လျော့ချပေးနိုင် ပါသည်။ အဆင့်မြင့် ချေးချွတ်စနစ် ပါဝင်သောကြောင့် အင်ဂျင်အတွင်းရှိ ချေးများကို ဖယ်ရှားပေးခြင်းဖြင့် အင်ဂျင်အား သန့်ရှင်းနေစေခြင်း၊ အင်ဂျင်ဝိုင်ရဲ့မြင့်မားတဲ့ စွမ်းဆောင်ရည်ကြောင့် သဘာဝမဟုတ်သော အက်စစ်အချို့ကြောင့် ဖြစ်ပေါ်လာသော သံချေးတက်ခြင်းတို့မှ ကာကွယ်ပေးနိုင်ခြင်း စသည့်အကျိုး ကျေးဇူးများရရှိနိုင်ပါသည်။ 4 Stroke Turbocharger Engine များ၊ စွမ်းဆောင်ရည်ကြီးမားသော ရေကြောင်းသွားဒီဇယ်အင်ဂျင်များ၊ ကယ်ဆယ်ရေးယာဉ်၊ ငါးဖမ်းရေယာဉ်များနှင့် ကမ်းရိုးတန်းသွားရေယာဉ် များတွင်ပါ အသုံးပြုနိုင်ပါသည်။

Gulf Sea Diesel DD 30, 40, 50

စွမ်းဆောင်ရည်မြင့်မားသော Two-Cycle Diesel Engine များ၏ စွမ်းဆောင်ရည်အတွက် အထူး ထုတ်လုပ် ထားပါသည်။ Sulphur ပါဝင်မှုနည်းစေသော Low Sulphur Fuel Diesel Engine များအတွက် အဓိက ရည်ရွယ်ထုတ်လုပ်ထားပါသည်။ ကောင်းမွန်သော ချေးချွတ်နည်းပညာကြောင့် အနည်အနှစ်များ၊ အညစ် အကြေးများကို အတတ်နိုင်ဆုံး လျှော့ချပေးပြီး အင်ဂျင်သက်တမ်း ကြာရှည်ခံနိုင်စေပါသည်။ Cyliner Liner များနှင့် နံရံများကို ပွတ်တိုက်စားခြင်း၊ သံချေးတက်နိုင်သည့် အင်ဂျင်၏ အဓိကအစိတ်အပိုင်းများကို ကာကွယ်ပေးနိုင်ခြင်း၊ တိကျသော BN Level သည် သံချေးစားနိုင်သော အရာများဖြစ်ခြင်းမှ ကာကွယ် နိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်ပါသည်။

Gulf Sea N Cool Oil

Hydro Treated Naphthenic Base oil ကို အခြေခံပြီးထုတ်လုပ်ထားသောကြောင့် ကြီးမားသောစက်ရုံကြီး များရှိ Reciprocating နှင့် Rotary ယာဉ်များရှိ အစားအသောက်၊ ကုန်ခြောက်အအေးခန်းများတွင် အသုံးပြု နိုင်ပါသည်။ Non-Hydroflourocabon Refrigerants R-11, R-12, R-13, R-22, R-113, R-500, R-501,
R-502, R-717 (Ammonia – NH3) စသည်တို့နှင့် သင့်တော်အောင် ထုတ်လုပ်ထားသည်။ ရွှေ့လျား စက်ပစ္စည်းများ၏ Bearing (ပင်မအုံ) များတွင်ပါ အသုံးပြုနိုင်ပါသည်။ ထပ်တိုးမြှင့်ထားတဲ့ အင်ဂျင်ဝိုင်ရဲ့ အရည်အသွေးကြောင့် အအေးခန်းစနစ်ရဲ့လုပ်ဆောင်မှုများစွာကို ပိုမိုမြင့်မားစွာ လုပ်ဆောင်နိုင်ခြင်း၊ နိမ့်ကျသောအပူချိန်တစ်ခုမှာပင် ကောင်းစွာလုပ်ဆောင်နိုင်ခြင်း၊ သံချေးတက်ခြင်းနှင့် ပွတ်တိုက်စားခြင်း တို့ကို ကာကွယ်ပေးနိုင်သောကြောင့် စက်ပစ္စည်းကြာရှည်ခံခြင်း၊ ကုန်ကျစရိတ်များလျှော့ချနိုင်ခြင်း တို့ကို ရရှိစေနိုင်ပါသည်။

Note : R-134a ကဲ့သို့ (HFC) အသုံးပြုသည့် Compressor များအတွက် ထောက်ပံ့ခြင်း မပေးထားပါ။

Gulf Sea Compressor Oil

Compressor များအတွက် အဓိကထုတ်လုပ်ထားသော စွမ်းဆောင်ရည်မြင့် Ash-less Compressor ချောဆီအမျိုးအစား ဖြစ်သည်။ ပွတ်တိုက်မှု၊ သံချေးတက်မှု၊ ၀င်ရောက်လာသောလေကြောင့် ပျက်စီးမှုများ အတွက် အရည်အသွေးမီကုန်ကြမ်းများမှ ထုတ်လုပ်ထားသော စွမ်းဆောင်ရည်မြင့်မားသည့် ချောဆီ ဖြစ်သည်။ Value  နှင့် Piston တို့တွင် ရှိနိုင်သည့် အမှိုက်များ၊ ဆီအညစ်အကြေးများကို သန့်စင်စေနိုင် သည့် အပြင်ပေါက်ကွဲမှုများနှင့် မီးလောင်ခြင်းတို့ကိုပါ တားဆီးလျှော့ချ ပေးနိုင်သည်။ အနည်အနှစ်များ ဖြစ်ပေါ်လာမှုကို လျှော့ချပေးနိုင်ပြီး Compressor နှင့်  Lubricant တို့၏စွမ်းဆောင်ရည် ကျဆင်းမသွား စေရန် ထိန်းသိမ်းပေးနိုင်ခြင်းကြောင့် Compressor ၏သက်တမ်းကို ပိုမိုကြာရှည်စေနိုင်ပါသည်။ အပူချိန်
220°Cနှင့် လည်ပတ်ရွေ့လျားနိုင်သော (သို့) အသေတပ်ဆင်ထားသော Reciprocating Compressor များ၊ Rotay, Vene, Axial နှင့် Centrifugal Compressorများ၊ ဆီလှည့်ပတ်စနစ်၊ ရွေ့လျားနိုင်သော Bearing များနှင့် ၀န်ပေါ့သော Gear စနစ်များတွင် အသုံးပြုနိုင်ပါသည်။

Gulf Sea DE Compressor Oil

Thermo-Oxidative နှင့်ပွတ်တိုက်စားခြင်း ကာကွယ်မှုနည်းပညာတို့ကြောင့် ဆီ၏ပျစ်ချွဲမှုစွမ်းရည်ကို ထိန်းထားနိုင်ပြီးအင်ဂျင်သက်တမ်းကြာရှည်ခံနိုင်ပါသည်။ အရောင်တင်ခြင်းနှင့် ပျစ်ချွဲမှုပမာဏ ကြာရှည်ခြင်း တို့ကြောင့် စက်ပစ္စည်းအချင်းချင်း ပွတ်တိုက်စားမှု မဖြစ်စေခြင်း၊ ပြာမှုန့်၊ ဖုန်မှုန့်၊ ကြပ်ခိုးစစ်ထုတ်ခြင်း နည်းပညာကြောင့် စိုထိုင်းထိုင်းအခြေအနေမှာ Engine Block အတွင်း အညစ်အကြေး ပိတ်ဆို့နိုင်ခြင်း တို့ကို နည်းနိုင်သမျှနည်းအောင် လျှော့ချနိုင်ခြင်း၊ ဆီမျက်နှာပြင်ချောမွေ့မှုကြောင့် Compressor ၏ လေလမ်းကြောင်ျးားအား ပိတ်ဆို့ထိခိုက်မှုမရှိစေဘဲ သံချေးတက်ခြင်း၊ တိုက်စားခြင်းတို့ကို ကာကွယ်ပေး နိုင်ခြင်း စသည့်အကျိုးကျေးဇူးများရရှိနိုင်ပါသည်။ ကောင်းမွန်သော ဆီပျစ်ချွဲမှု၊ မြင့်မားသော အရည်အသွေး တို့ကြောင့် ဆီစားနှုန်းသက်သာစေပြီး ကုန်ကျစရိတ်လည်း လျှော့ချနိုင်ပါသည်။ အပူချိန် 23°C-230°C အတွင်းတွင် လည်ပတ်သည့် Rotary Screw နှင့် Vane Air Compressor များတွင် အသုံးပြုရန် သင့်တော် ပါသည်။ အပူချိန် 15°C-230°C အတွင်း လည်ပတ်သည့် Reciprocating Compressor များနှင့် Vacuum Pymps (လေစုပ်ပန့်) များတွင်လည်း အသုံးပြုနိုင်ပါသည်။

Gulf Sea Gear Oils

ကြီးမားကျယ်ပြန့်သော နည်းပညာများဖြင့် လည်ပတ်ရသောစက်ရုံ အလုပ်ရုံရှိ စက်ပစ္စည်းများမှ Gear စနစ်ဖြင့် လည်ပတ်ရသောစက်များအတွက် လုပ်ဆောင်မှုအမြင့်ဆုံး ချောဆီအဖြစ်အသုံးပြုနိုင်သည်။ ရေနှင့် ဆီ ရောနှောခြင်းမှ တားဆီးပေးနိုင်သော ဂုဏ်သတ္တိနှင့် အခြားသော Chemical Foaming တို့၏ ထိခိုက် ပျက်စီးခြင်းတို့မှ ခံနိုင်ရည်ရှိအောင် အဆင့်မြင့်နည်းပညာဖြင့် ထုတ်လုပ်ထားပါသည်။ Gear Box အတွင်းမှ စက်ပစ္စည်းများသံချေးတက်ခြင်း၊ Gear သွားများအား ကျိုးပဲ့စေခြင်း၊ အနည်စုခြင်း၊ ရေခိုးရေငွေ့နှင့် ဆီငွေ့များ ပိတ်ဆို့ခြင်းတို့မှ ကာကွယ်နိုင်ပါသည်။ စက်ရုံများရှိ Spur Gear, Helical Gear, Bevel Gear နှင့် Steel Gear ကြီးများ၊ မြင့်မားသော Pressure၊ လေးလံသောဝန်ကို ထမ်းရသည့် Gear သွားများ၊ ရေကြောင်းဆိုင်ရာ Gear လုပ်ငန်းများတွင် အသုံးပြုနိုင်ပါသည်။

Gulf Sea ATF III

MERCON and DEXRON ဆီအသုံးပြုသည့်မော်တော်များ၊ Power Steering စနစ်၊ ဟိုက်ဒြောလစ်စနစ်၊ Manual Steering စနစ်တို့တွင် အသုံးပြုနိုင်ပါသည်။ မြင့်မားသော ပျစ်ချွဲမှု စွမ်းဆောင်ရည်ကြောင့် မော်တာ၏ အမြင့်ဆုံး (သို့) အနိမ့်ဆုံးအပူချိန်မှာပင် တိကျသော ချောဆီပေးစနစ်အား ပြုလုပ်ပေးနိုင်သည်။ ပွတ်တိုက်မှုကို ထိန်းချုပ်နိုင်သော ချောဆီစနစ်ကြောင့် စက်ပစ္စည်းအချင်းချင်း ချော်မထွက်သွားစေရန်နှင့် ချောမွေ့မှုစနစ်ကိုပါ ရရှိစေနိုင်သည်။ အမြှုပ်ထိန်းချုပ်ပေးနိုင်သော စနစ်ကြောင့် ပွတ်တိုက်မှုတွင် စက်ပစ္စည်းအချင်းချင်း ချောမွေ့စေခြင်းနှင့် မလိုလားအပ်သော ဆီဆုံးရှုံးမှုများကိုပါ ကာကွယ်ပေးနိုင်သည်။ အပူချိန် အနိမ့်ဆုံး၊ အမြင့်ဆုံး အခြေအနေများတွင် အေးမြသော လုပ်ဆောင်မှုကိုပေးနိုင်ခြင်း၊ ဆီယိုစိမ့် နိုင်သည့် စက်ပစ္စည်းများတွင် ဆီယိုစိမ့်မှုအနည်းဆုံးဖြစ်ရန် ထုတ်လုပ်ထားပါသည်။ Motor အမျိုးမျိုးတို့၏ လုပ်ဆောင်မှု လိုအပ်ချက်တိုင်းအတွက် ကိုက်ညီအောင် ထုတ်လုပ်ထားသော Gear Oil အမျိုးအစား ဖြစ်ပါသည်။

Gulf Sea Hydraulic AW 32, 46, 68, 100

High Pressure ဖြင့်လည်ပတ်ရာတွင် အကောင်းမွန်ဆုံး ၀န်ဆောင်မှုပေးနိုင်သော မြင့်မားသည့် Hydraulic oils ဖြစ်ပါသည်။ အကောင်းမွန်ဆုံး ဆီအရည်အသွေးများကို အခြေခံပြီးအသုံးပြုထားသောကြောင့် သံချေး မတက်ခြင်း၊ တိုက်စားမှုကင်းခြင်း၊ ကြာရှည်ခံစွာ အသုံးပြုနိုင်ခြင်း၊ အမြှုပ်မဖြစ်အောင် ထိန်းထားနိုင်ခြင်း စသည့် ဂုဏ်သတ္တိများ ပိုင်ဆိုင်ပါသည်။ ဖိအားမြှင့် ဟိုက်ဒြောလစ်စနစ် တပ်ဆင်ထားသည့် စက်ကြီးများနှင့် စက်မှုလုပ်ငန်းသုံးစက်ပစ္စည်းများတွင် စိတ်ချယုံကြည်စွာ အသုံးပြုနိုင်ပါသည်။

Gulf Sea Hydraulic HVI 32, 46, 68, 100

Marine Anti-wear Hydraulic Oil သည် ဖိအားမြင့် ဟိုက်ဒြောလစ်စနစ် တပ်ဆင်ထားသည့် စက်ကြီးများ နှင့် စက်မှုလုပ်ငန်းသုံး စက်ပစ္စည်းများ၊ မည်သည့်စက်အမျိုးအစားတွင်မဆို စိတ်ချစွာ အသုံးပြုနိုင်ပါသည်။

အင်ဂျင်တွင်းအစိတ်အပိုင်းများ ပွတ်တိုက်မှု၊ ပြတ်တောက်မှုမရှိစေရန်အတွက် ဟိုက်ဒြောလစ်စနစ်များ၏ မြင့်မားသော Pressure, Pumps များ၏အပူချိန်ဖိအားများ၏ဒဏ်ကို ကာကွယ်နိုင်ရန် လိုအပ်သည့် ဓာတု ပစ္စည်း ကုန်ကြမ်းများဖြင့် ထုတ်လုပ်ထားပါသည်။ အဆင့်မြင့် Thermo-Oxidative နည်းပညာကြောင့် ရေငွေ့ရိုက်ခြင်းကြောင့် ဖြစ်ပေါ်တတ်သော သံချေးတက်ခြင်း၊ အင်ဂျင်အစိတ်အပိုင်းများ၏ အပူချိန် လွန်ကဲမှုများကို ကာကွယ်ပေးနိုင်ပါသည်။ ဆီအတွင်း ရေပါဝင်ရောစပ်လာမှုများကိုပါ အမြန်ဆုံးဖယ်ရှား
ပေးနိုင်ပါသည်။

သင့် အင်ဂျင်သက်တမ်း ကြာရှည်ခံဖို့ သင် ဘာတွေဂရုစိုက်ပြီးပြီလဲ ?

USA Technologies ဖြင့် စင်ကာပူနိုင်ငံမှ တိုက်ရိုက်တင်သွင်းသော Gulf Oil Marine အင်ဂျင်ဝိုင်ကတော့ သင့်အင်ဂျင်ကို စိတ်ကျေနပ်မှုအပြည့်အ၀ ပေးစွမ်းနိုင်ပါလိမ့်မယ်။

Gulf Oil Marine ဆိုသည်မှာ ၂၀၀၈ ခုနှစ်မှစတင်၍ ယနေ့ဈေးကွက်တွင် နိုင်ငံပေါင်း (၈၀)ကျော်မှ ဆိပ်ကမ်းပေါင်း (၉၀၀)ကျော်အထိ သုံးစွဲနေသော အောင်မြင်မှုရရှိနေသည့် စက်ချောဆီ Brand တစ်ခု ဖြစ်ပါတယ်။

သင့်အင်ဂျင် စွမ်းဆောင်ရည်မြင့်မားပြီး

ဆီစားနှုန်းသက်သာစေရန်အတွက်

ကျွန်ုပ်တို့ Gulf Oil Marine အင်ဂျင်ဝိုင်မှ

တာဝန်ယူပါရစေ။